အသင်းဖွဲ့စည်းစဉ်ကထားရှိသောရည်ရွယ်ချက်နှင့်အညီ၊ အသင်းဝင်အချင်း ချင်း လက်တွဲကြလျက်၊ အချိန်အခါ အခြေအနေများပေါ်အခြေခံလျက်၊ အမှုတော်ဆောင် ခွင့်ရရှိခဲ့ကြပါသည်။ နှစ်နှစ်တစ်ကြိမ်တွေ့ဆုံကြလျက်၊ နှီးနှောဖလှယ်ခြင်း၊ လုပ်ငန်း စဉ်များချမှတ်ခြင်းများပြုကြကာ၊
ကျရာတာဝန် ကျေပြွန်စွာထမ်းဆောင်ခဲ့ကြပါသည်။
- မျက်နှာစုံညီ၊ အလုပ်စည်းအဝေးများကျင်းပခြင်း၊ San Francisco (၂၀၀၀)၊ Boston (၂၀၀၃)၊ Portland (၂၀၀၅)၊ Chicago (၂၀၀၇) နှင့် Los Angeles (2009)
- တယ်လီဖုန်းအစည်းအဝေး၊ Tele-conference များကျင်းပခြင်း၊
- အသင်းဝင်အသင်းတော်များနှင့် အခြားအသင်းတော်များတို့သို့၊ သွားရောက် မိတ်ဿဟာရဖွဲ့ခြင်း၊ ခွန်အားပေးခြင်း၊ လိုအပ်သည့်အခါ ညှိနှိုင်းပေးခြင်း၊ စသည့် အစီအစဉ်များနှစ်စဉ်ပြုလုပ်နေပါသည်။
- အခါအားလျော်စွာ၊ ပြည်ပနိုင်ငံများသို့ သွားရောက်ကြကာ မြန်မာ အသင်းတော်များနှင့် မိတ်ဿဟာရခရီးများပြုကြပါသည်။
- လူငယ်များနှင့်သက်လတ်လူငယ်များအတွက် သင်တန်းများကို နှစ်စဉ်ပြုလုပ် ကျင်းပခြင်းဖြင့်၊ လူငယ်များ၏ ၀ိညာဉ်ရေးကိုမြင့် မားစေရန်ဆောင်ရွက်နေပါသည်။
- ဓမ္မ၀န်ဆောင်များနှင့်ဇနီးများအတွက် အားသစ်လောင်းခြင်းအစီ အစဉ်ကိုလည်း (၂)နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပါသည်။
- မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော သဘာဝဘေးဒုက္ခအမျိုးအမျိုး အတွက်သော်၎င်း၊ သာသနာ့လုပ်ငန်းများအတွက်၎င်း၊ အသင်းအနေ နှင့်တိုက်ရိုက်မဆောင်ရွက်နိုင်သော်လည်း၊ အသင်း၏ အဖွဲ့ဝင်များတို့အား ပါဝင်ဆက်ကပ်ကြဖို့ လှုံ့ဆော်ပေးခြင်းများ ပြုကြပါသည်။
- အသင်းဖွဲ့စည်းခဲ့သော၊ ဇူလှိုင်လကိုအမှတ်ရစေရန်၎င်း၊ အဖွဲ့၏ညီညွတ်မှု စိတ်ဓါတ်မြှင့်တင်ရန်နှင့်၊ အသင်းတော်များဝိညာဉ်ရေးမြင့်မားစေရန် သင်းအုပ်များ ပလ္လင်လဲတရားဟောခြင်း (Pulpit exchange) အစီအစဉ်ကိုလည်း စတင်ဆောင် ရွက်နေပါသည်။